တအာင်းပြည်ပရွှေ့ပြောင်း အလုပ်သမားကြီးကြပ်ရေးဆိုင်ရာ အမိန့်ကြေငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၅
ရက်စွဲ။   ။ ၀၉ ရက်၊ ဇူလိုင်လ၊ ၂၀၁၅ ခုနှစ်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ (သို့) အခြားဒေသတခုခုသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြသည့်
တအာင်းဒေသတွင်းရှိ မိဘပြည်သူများအား ထိုကဲ့သို့ရွှေ့ပြောင်းအလုပ်လုပ်ခြင်း၏ နောက်ဆက်တွဲ
ပြဿနာ ဆိုးများမှ ကာကွယ်လျော့ချနိုင်ရန် အောက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်ပါသည်။

၁။ ပြည်ပ (သို့) အခြားဒေသတခုခုသို့ သွားရောက်အလုပ်လုပ်လိုပါက အုပ်ထိန်းသူနှင့်အတူ သက်ဆိုင်ရာ ရပ်ကွက်/
ကျေးရွာ တာဝန်ရှိအုပ်ချုပ်ရေးမှူးထံ ခွင့်ပြုချက်ရယူရမည်။

၂။ ပြည်ပ (သို့) အခြားဒေသတခုခုသို့ သွားရောက်အလုပ်လုပ်သူများသည် အောက်ပါအတိုင်း သက်ဆိုင်ရာ
အုပ်ချုပ်ရေးမှူးထံ အသိပေးအကြောင်းကြားရမည်။

(က) တရုတ်ပြည်သို့အလုပ်လုပ်သူများသည် ၆ လ တကြိမ် မိဘအုပ်ထိန်းသူမှ အကြောင်းကြားခြင်း၊ တနှစ် တကြိမ်
နေရပ် ပြန်လာပြီး မိဘအုပ်ထိန်းသူနှင့်အတူ လာရောက် အကြောင်းကြားခြင်း။

(ခ) ထိုင်း/မလေးရှား အစရှိသည့်နိုင်ငံများသို့ အလုပ်လုပ်သူများသည် ၆ လ တကြိမ် မိဘအုပ်ထိန်းသူမှ
အကြောင်းကြားခြင်း၊သုံးနှစ်တကြိမ် နေရပ်ပြန်လာပြီး မိဘအုပ်ထိန်းသူနှင့်အတူ
လာရောက် အကြောင်းကြားခြင်း။

၃။ ပြည်ပ (သို့) အခြားဒေသတခုခုသို့ သွားရောက်အလုပ်လုပ်သူများသည် သတ်မှတ်ထားသည့်
ကာလ ၆ လ တကြိမ်အကြောင်းမကြားပါက ကျန်ရစ်သူမိဘအုပ်ထိန်းသူများအား ရပ်ရွာလူမှုရေး
လုပ်အားပေး ပြစ်ဒဏ် ချမှတ်ရမည်။

၎။ ပြည်ပ (သို့) အခြားဒေသတခုခုသို့ သွားရောက်အလုပ်လုပ်သူများသည် သတ်မှတ်ထားသည့်
ကာလအတွင်းပြန်လာခြင်းမရှိပါက တစ်လ ငွေဒဏ် တစ်သောင်းကျပ်ပေးဆောင်ရမည်။
ထိုကဲ့သို့ ဒဏ်ငွေဆောင်ခြင်း တနှစ် ပြည့်သော်လည်း ပြန်မလာသေးပါက ငွေဒဏ်
နှစ်ဆတိုး ပေးဆောင်ရမည်။ ဒဏ်ငွေဆောင်နေစဉ်ကာလအတွင်း ထိုအလုပ်လုပ်သူ
ရှိရာနေရာ ဒေသကို စုံစမ်းပြီး နေရပ်သို့ပြန်လာရန် မိဘအုပ်ထိန်းသူနှင့်အတူ
သက်ဆိုင်ရာရပ်ရွာလူကြီးများက တာဝန်ယူဆောင်ရွက်ရမည်။

၅။ ပြည်ပ/အခြားဒေသတခုခုသို့ သွားရောက်အလုပ်လုပ်သူများသည် လူမျိုးခြား (နိုင်ငံခြားသား) များနှင့်
လက်ထပ်ပေါင်း သင်းခြင်းမပြုရ။ ထိုကဲ့သို့ အိမ်ထောင်ပြုသူများကို တအာင်းရိုးရာဓလေ့ထုံးစံအရ
ပေးသည့် ပြစ်ဒဏ်၊ လူမှုလုပ်အားပေးဒဏ်၊ ငွေဒဏ် တို့ဖြင့်အရေးယူ ပြစ်ဒဏ်ချမှတ်ရမည်။

၆။ ပြည်ပ/အခြားဒေသတခုခုသို့ သွားရောက်အလုပ်လုပ်သူများသည် မူးယစ်ဆေးဝါး၊ လိင်မှုကိစ္စ အစရှိသည့်
ကိုယ်ကျင့် စာရိတ္တပျက်ပြားမှုများဖြစ်လာပါက သက်ဆိုင်ရာရပ်ရွာလူကြီးများ၏ ပြောဆိုဆုံးမမှုနှင့်
ထိုက်တန် သည့်ပြစ်ဒဏ်ချမှတ်ရမည်။

၇။ ယခုအမိန့်စာအတိုင်း အကောင်အထည်ဖော်ရာတွင် ရရှိလာသော ဒဏ်ငွေများကို သက်ဆိုင်ရာ
ကျေးရွာ ရံပုံငွေအဖြစ် ထားရှိ အသုံးပြုရမည်။

၈။ ယခုအမိန့်ကြေငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ ပြည်ပ(သို့)အခြားဒေသတခုခုသို့ ရွှေ့ပြောင်း
အလုပ်လုပ်ကြ သည့် တအာင်းဒေသတွင်းရှိ မိဘပြည်သူများသည် ဤအမိန့်ကြေငြာစာအတိုင်း
လိုက်နာဆောင်ရွက်ရမည်။

၉။ ထိုကဲ့သို့ ထုတ်ပြန်ထားသည့်အမိန့်အား လိုက်နာရန်ပျက်ကွက်ပါက မိမိတို့
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးမှထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း
အမိန့်ထုတ်ပြန်လိုက်ပါသည်။

အမိန့်အရ-
တားအိုမ်တမာဝ်း
ဗဟိုအထွေထွေအုပ်ချုပ်ရေးမှူး
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-P.S.L.F
PSLF’s Order for Ta’ang migrant wokers 01
PSLF’s Order for Ta’ang migrant wokers 02
PSLF’s Order for Ta’ang migrant wokers

မူရင်း အမိန့်ကြေညာချက် PDF ဖိုင်ကို ဤနေရာတွင်PSLF’s Order for Ta’ang migrant wokers ဒေါင်းလော့ယူနိုင်ပါသည်။