တအာင်းဒေသအတွင်း လက်ဖက်လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ်(၄/၂၀၁၅)
ရက်စွဲ ။   ။ ၁၅ ရက်၊ သြဂုတ်လ၊ ၂၀၁၅ ခုနှစ်။

၁။    မိဘပြည်သူများ၏ အကျိုးကိုရှေးရှု့၍ တအာင်းဒေသတစ်ခုလုံး အားကိုးအားထားသော လက်ဖက်လုပ်ငန်းကို
မသမာသော နည်းလမ်းများဖြင့် လက်ဖက်အတုပြုပြင်ရောနှောမှုများ မပြုလုပ်ကြရန် အမိန့်ထုတ်ပြန်လိုက်သည်။

(က)    လက်ဖက်အား အရောင်ဆိုးခြင်းမပြုလုပ်ရ။
(ခ)    လက်ဖက်မဟုတ်သည့် မည်သည့်အရွက်များနှင့် မဆို ရောနှောခြင်းမပြုလုပ်ရ။

၂။အထက်ပါတားမြစ်ချက် တစ်ရပ်ရပ်အား ဖောက်ဖျက်ကျူးလွန်ပါက ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၏
ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဤအမိန့်ထုတ်ပြန်သည့်နေ့မှစ၍ အမိန့်ထုတ်ပြန် တားမြစ် လိုက်သည်။

အမိန့်အရ-
တားအိုမ်တမာဝ်း
ဗဟိုအထွေထွေအုပ်ချုပ်ရေးမှူး
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-P.S.L.F

PSLF’s Order for maintenance Ta’ang Organic Tea

PSLF’s Order for maintenance Ta’ang Organic Tea

မူရင်း အမိန့်ကြေညာချက် PDF ဖိုင်ကို ဤနေရာတွင်PSLF’s Order for maintenance Ta’ang Organic Tea ဒေါင်းလော့ယူနိုင်ပါသည်။