တအာင်းဒေသတွင်း လူကုန်ကူးမှုတားဆီးထိန်းသိမ်းရေးဆိုင်ရာ PSLF- အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၅
ရက်စွဲ။   ။ ၀၉ ရက်၊ ဇူလိုင်လ၊ ၂၀၁၅ ခုနှစ်။

တအာင်းဒေသတွင်းရှိ ကလေးငယ်များ၊ အမျိုးသမီးများနှင့် လူငယ်များအပါအဝင်
လူထုအားလုံး လူကုန်ကူးမှု ဘေးအန္တရာယ်ဆိုးကြီးမှ ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက်
လူကုန်ကူးမှု တားဆီးရေးနှင့် ပတ်သက်ပြီး အောက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်ပါသည်။

၁။ ကလေးငယ်များ၊ အမျိုးသမီးများနှင့်လူငယ်များအပါအဝင် မည်သူကိုမျှ လူကုန်ကူးခြင်းမပြုရ။

၂။ လူကုန်ကူးရန်အလို့ငှာ ကလေးငယ်များ၊ အမျိုးသမီးများနှင့်လူငယ်များအပါအဝင် မည်သူကိုမျှ
ဖြားယောင်းသွေးဆောင်ပြီး ခေါ်ယူခြင်း(သို့)သယ်ဆောင်ခြင်း မပြုရ။

၃။ လူကုန်ကူးမှုကျူးလွန်ပါက ထောင်ဒဏ် (၃) နှစ်မှ သေဒဏ်အထိ ပြစ်ဒဏ် ချမှတ်ရမည်။

၎။ လူကုန်ကူးမှုကျူးလွန်သူအား အားပေးကူညီခြင်းပြုပါက ထောင်ဒဏ် (၆) လနှင့်အတူ ထိုက်သင့်သည့် ငွေဒဏ် ချမှတ် ရမည်။

အမိန့်အရ-
တားအိုမ်တမာဝ်း
ဗဟိုအထွေထွေအုပ်ချုပ်ရေးမှူး
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-P.S.L.F
PSLF’s Order for Anti – Human TraffickingPSLF’s Order for Anti – Human Trafficking

မူရင်း အမိန့်ကြေညာချက် PDF ဖိုင်ကို ဤနေရာတွင်PSLF’s Order for Anti – Human Trafficking ဒေါင်းလော့ယူနိုင်ပါသည်။