တအာင်းဒေသတိုက်ပွဲဆက်လက်ပြင်းထန်၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

တအာင်းဒေသ၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဆလပ်ကျေးရွာနှင့် နားတီးကျေးရွာအကြားတွင် ယနေ့ဒီဇင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၁၁း၁၅ နာရီမှ ၁၂း၃၀ နာရီအထိ တပ်ပေါင်းစုအဖွဲ့များဖြစ်ကြသည့် တအာင်းတပ်မတော်(TNLA)၊ KIA၊ MNDAA(ကိုးကန့်တပ်မတော်) တို့အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။
တိုက်ပွဲတွင် တပ်ပေါင်းစုဖက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA