တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲ (၂) နေရာဖြစ်ပွား

၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်

တအာင်းပြည်နယ် တပ်မဟာ ၅ နယ်မြေ ကွတ်ခိုင်မြို့နယ် မိုင်းဘော်ကျေးရွာနှင့် ဆိုင်ခေါဝ်ကျေးရွာကြား ယနေ့ နံနက်ပိုင်း ၉း၄၀ နာရီအချိန်တွင် တိုက်ပွဲ ၁ ကြိမ်၊ မွန်းလွဲပိုင်း ၁၃း၀၀ နာရီ မှ ၁၃း၂၀ နာရီထိ တိုက်ပွဲ ၁ကြိမ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မိုင်းဘော်ကျေးရွာမှ ဆိုင်ခေါဝ်ကျေးရွာသို့ ထိုးစစ်ဆင်လာသည့် မြန်မာစစ်တပ် တပ်မ ၉၉ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၂၀၁၉ ခုနှစ် ဇွန်လအတွင်း တအာင်းအမျိုးလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲ ၂၀ ကြိမ်ထိဖြစ်ပွားခဲ့ပြီးဖြစ်သည်။

PSLF/TNLA

သတင်းနှင့်ပြန်ကြားရေးဌာန