တအာင်းတပ်မတော်နှင့် RCSS တပ်ဖွဲ့ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွား ယနေ့ တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ပွား

တအာင်းတပ်မတော်နှင့် RCSS တပ်ဖွဲ့  ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွား ယနေ့ တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ပွား

၂၀၁၇ ခုနှစ် မေလ ၁၅ ရက်

 

တအာင်းဒေသ တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် RCSS  တပ်ဖွဲ့တို့ ယနေ့ မေလ ၁၅ ရက်နေ့တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်။

 

ညနေ ၁၅း၀၀ နာရီမှ ၁၅း၃၀ နာရီအချိန်ထိ ကျောက်မဲမြို့နယ် တော်ဖဲကျေးရွာအနီးတွင် တအာင်းတပ်မတော် တပ်ရင်း ၂၅၆ နှင့်လည်းကောင်း ညနေ ၁၅း၀၀ နာရီမှ ၁၆း၀၀ နာရီအထိ နမ့်ဆန်မြို့နယ်နှင့် သီပေါမြို့နယ်အစပ် ရူနန်းကျေးရွာအနီးတွင် တအာင်းတပ်မတော် တပ်ရင်း ၄၃၄ နှင့်လည်းကောင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

 

တအာင်းဒေသသို့ RCSS တပ်ဖွဲ့ဝင်များ ထပ်မံကျူးကျော်ဝင်ရောက်လာပြီး တအာင်းကျေးရွာများတွင် လူ့အခွင့်အရေးချိုးဖောက်မှု ပြုလုပ်လာခြင်းနှင့်အတူ ဆက်ကြေးကောက်ခံခြင်း လည်းပြုလုပ်လာခဲ့သည်။ ယနေ့လည်း နမ့်ဆန် – ပန်လုံ – လားရှိုး လမ်းမပေါ်ရှိ ရေအိုးကျေးရွာတွင် ခရီးသွားပြည်သူများအား ဖမ်းဆီးစစ်ဆေးခြင်း ကားသမားများထံ ဆက်ကြေးကောက်ခံ ခြင်းများပြုလုပ်ခဲ့သည်။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA