တအာင်းတပ်မတော်နှင့် RCSS တပ်ဖွဲ့ တိုက်ပွဲ ၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွား

တအာင်းတပ်မတော်နှင့် RCSS တပ်ဖွဲ့ တိုက်ပွဲ ၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွား

၂၀၁၇ ခုနှစ် မေလ ၁၄ ရက်

 

တအာင်းဒေသ တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာနှင့် တော်ဖဲကျေးရွာကြားတွင် ယနေ့ နံနက် ၀၉း၀၀ နာရီမှ ၁၂း၀၀ နာရီအချိန်ထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၄၃၄ နှင့် RCSS တပ်ဖွဲ့တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

RCSS တပ်ဖွဲ့သည် တအာင်း နယ်မြေအတွင်း ပြန်လည်ကျူးကျော် ၀င်ရောက်လာရာမှ နှစ်ဖက် တိုက်ပွဲ ပြန်လည်ဖြစ်ပွားရခြင်း ဖြစ်သည်။

တအာင်းတပ်မတော်နှင့် RCSS တပ်ဖွဲ့သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် နောက်ဆုံးအကြိမ် ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပြီး မေလ ၁၃ ရက်နေ့နှင့် ယနေ့မေလ ၁၄ ရက်နေ့၌  ၂ ရက်ဆက်တိုက် တစ်ကျော့ ပြန်လည် ထိတွေ့ တိုက်ခိုက်မှု ဖြစ်သည်။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA