တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲပြန်လည် ဖြစ်ပွား

တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲပြန်လည် ဖြစ်ပွား
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၇ ရက်

တအန်းပြည်နယ် တပ်မဟာ ၁ နယ်မြေ မန်တုံမြို့နယ် မန်ဆာကျေးရွာနှင့် ခိုင်အော်ကျေးရွာကြားတွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၁၁၂/၈၇၆ တပ်ဖွဲ့ဝင်တချို့ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက်ခံ ခမရ (၃၀၁) ခလရ (၁၀) ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ နေ့လည် ၁၃း၀၄ နာရီမှ ညနေ ၁၇း၃၀ နာရီထိ နှစ်ဖက် အပြင်းအထန် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
မြန်မာ့တပ်မတော်သည် နမ့်ဟိုင်းရွာဖက်မှ အင်အား ၂၀၀ ကျော်ဖြင့် တအန်းတပ်မတော် တည်ရှိရာ မန်ဆာရွာဖက်သို့ ထိုးစစ်ဆင် တိုက်ခိုက် လာသဖြင့် နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။
ယနေ့ အောက်တိုဘာလ ၇ ရက်နေ့၌ မြန်မာ့တပ်မတော်သည် စစ်ကား ၂၅ စီးဖြင့် နမ့်ဆန်မြို့နယ်သို့လည်းကောင်း စစ်ကား ၆ စီးဖြင့် မန်တုံမြို့နယ်သို့လည်းကောင်း စစ်ကား ၃၀ ကျော် ဖြင့် တအန်းပြည်နယ်သို့ ထပ်မံ အင်အားဖြည့် ထိုးစစ်ဆင်လာသည်။

PSLF/TNLA
သတင်းနှင့် ပြန်ကြားရေးဌာန