တအန်းတပ်မတော်နှင့် မြန်မာ့တပ်တော်တို့ တိုက်ပွဲဖြစ်ပွား

တအန်းတပ်​မ​တော်​နှင့်​ မြန်​မာ့တပ်​​တော်​တို့ တိုက်​ပွဲဖြစ်​ပွား

၂၀၁၇ခုနှစ်​ စက်​တင်​ဘာလ ၁၉ ရက်

 

တအန်းပြည်နယ် တပ်​မဟာ (၂) နယ်​​မြေ  နမ့်​ဆန်​မြို့နယ်​ နမ့်​​ခေး​ကျေးရွာနှင့်​ ပန်ကျရော့ကျေးရွာကြားတွင်​ ယနေ့ နံနက် ၀၈း၂၀ နာရီမှ ၀၈း၅၀ နာရီ အထိ တအန်းအမျိုးသားလွတ်​​မြောက်​​ရေးတပ်​မ​တော်​ TNLA တပ်​ရင်း (၄၃၄) နှင့်​ မြန်​မာ့တပ်​မ​တော်​ တပ်​မ (၇၇) တို့ စက်​တင်​ဘာလ ၁၉ ရက်​ နံနက်​ပိုင်း (၈း၂၀) နာရီမှ (၈း၅၀) နာရီထိ တိုက်​ပွဲ ဖြစ်​ပွားခဲ့သည်​။

တိုက်​ပွဲတွင်​မြန်​မာ့တပ်​မ​တော်​ဖက်မှ အရာရှိ ၁ ဦး အပါအ၀င် ၃ ဦးကျဆုံးပြီး   ၅ ဦးထက်မနဲ ​ဒဏ်​ရာရရှိခဲ့သည်​။

စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်သည့် တိုက်ပွဲသည် ယနေ့ထိ နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှု ၈ ကြိမ်ရှိပြီးဖြစ်သည်။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA