တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ထပ်မံဖြစ်ပွား

တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ထပ်မံဖြစ်ပွား

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်

 

တအန်းပြည်နယ် တပ်မဟာ ၂ နယ်မြေ နမ့်ဆန်မြို့နယ် မန်မိုင်မိန်းကွမ်းရွာ အရှေ့ဖက် ၃ မိုင်ကျော် အကွာတွင် ယနေ့ နေ့လည် ၁၀း၀၅ နာရီမှ ၁၁း၀၅ နာရီအထိ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၄၃၄ နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မြန်မာ့တပ်မတော်သည် တအန်းတပ်မတော် လှုပ်ရှားရာ တောတွင်းအထိ ပိုမို ထိုးစစ်ဆင် ပြုလုပ်လာမှုကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွါးရခြင်းဖြစ်သည်။

ယခုစက်တင်ဘာလအတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွါးခဲ့ပြီးဖြစ်သည်။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA