တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်တိုက်ခိုက်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်

တအန်းပြည်နယ် တပ်မဟာ(၁) နယ်မြေ ကွတ်ခိုင်မြို့နယ် ဖာဖိုင်ကျေးရွာနှင့် ငေါ့ငါးကျေးရွာအကြား ယနေ့နံနက် (၀၇း၁၅) နာရီမှ ၁၀း၃၀ နာရီအချိန်ထိ တအန်းတပ်မတော် တပ်ရင်း ၅၇၁ နှင့် မြန်မာ့တပ်မတော် တပ်မ ၁၁ တို့ တိုက်ပွဲဖြစ်ပွားသည်။
တိုက်ပွဲချိန်ကြာလာသည်နှင့်အမျှ မြန်မာ့တပ်မတော်မှ ထိခိုက်ကျဆုံးမှု များလာသည့်အတွက် နံနက် (၁၀း၁၀) နာရီအချိန်မှ စ၍ ရဟတ်ယာဉ် ၂ စီးဖြင့် မိနစ် ၃၀ နီးပါး လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
မြန်မာ့တပ်မတော်သည် တအန်းတပ်မတော် တပ်ရင်း ၅၇၁ အား ထပ်ကြပ်မကွာ လိုက်လံ ထိုးစစ်ဆင်နေမှုသည် လွန်ခဲ့သည့် ၃ ရက်ခန့်မှစတင်ခြင်းဖြစ်ပြီး ယနေ့နံနက်တွင် နှစ်ဖက်ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

PSLF/TNLA
သတင်းနှင့် ပြန်ကြားရေးဋ္ဌာန