တအန်းတပ်မတော်နှင့် မြန်မာတပ်မတော်တို့ ယနေ့တိုက်ပွဲထပ်မံဖြစ်ပွား

၂၀၁၇ခုနှစ် သြဂုတ်လ ၁၈ရက်
တအန်းပြည်နယ် တပ်မဟာ  ၅  နယ်မြေ  ကွတ်ခိုင်မြို့နယ် လွယ်တောင်း ကျေးရွာအနီးတွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း  ၃၃၅ နှင့် မြန်မာတပ်မတော်တို့ ယနေ့ နံနက် ၁၁း၀၉ နာရီမှ  ၁၁း၄၀ နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။
မြန်မာ့တပ်မတော်သည် ယခု ရက်ပိုင်းအတွင်း ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်အတွင်း စစ်အင်အား ထပ်မံ အားဖြည့် ထိုးစစ်ဆင်လာခဲ့သည်။
ထိုးစစ်ဆင်လာမှုနှင့်အတူ တအာင်းတပ်မတော် လှုပ်ရှားရာ နေရာသို့ တပ်ဖြန့် ထိုးစစ်ဆင်လာသဖြင့် နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။
 
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA