တအန်းတပ်မတော်မှ မူဆယ်မြို့နယ် နမ့်စန်းရွာအနီးတွင် မူးယစ်ဆေးဝါးများနှင့် လက်နက်များဖမ်းဆီးရမိ

၂၀၁၇ ခုနှစ် အောက်တိုဘာလ၁၉ရက်

တအန်းပြည်နယ် မူဆယ်မြို့နယ် နမ့်စန်းကျေးရွာအနီးအောက်တိုဘာလ၁၈ရက်နေ့ည ၂၃း၀၀ နာရီအချိန်ခန့်တွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မူးယစ်အထူးအဖွဲ့မှ မူးယစ်ဆေးဝါး ဘိန်းဖြူ ၂.၅ ကီလို၊ ယာမဆေးပြား(၁၈၆၆၀၀၀) ပြား ၊ ဘိန်းမဲ၁၀ပိဿာစုစုပေါင်းကာလတန်ဖိုးကျပ်သိန်းပေါင်း (၃၇,၄၉၅)သိန်းနှင့် M-22 အမျိုးအစားလက်နက်ငယ် ၂ လက်၊ ၄င်းကျည် ၄၅ထောင့် ၊ ကျည်ဘောက် ၅ ခု ၊ ဓါးရှည် ၁ လက် ဖမ်းဆီးရမိသည်။

TNLA မူးယစ်အထူးအဖွဲ့မှ နမ့်စန်းရွာအနီးဝန်းကျင်သို့ မူးယစ်ဆေးဝါးရှောင်သခင် ရှာဖွေစစ်ဆေးစဉ် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

TNLA မူးယစ်အထူးအဖွဲ့သည် သတင်းအရအောက်တိုဘာလ၁၈ရက်နေ့ ည ၂၃း၀၀နာရီအချိန်တွင် မူဆယ်မြို့နယ် နမ့်စန်းကျေးရွာအပေါ်ဖက်ရှိပန်းဆေးပြည်သူ့စစ်ဒေသဖက်မှ မူဆယ်-နမ့်ခမ်းကားလမ်မကြီးဆီသို့ ဝင်ရောက်သည့်ကားလမ်းပေါ်တွင် စောင့်ဆိုင်းစစ်ဆေးစဉ်ပန်ဆေးဒေသဖက်မှ (PAJERO) အမျိုးအစားကားတစ်စီးအားတားဆီးရပ်တန့်စေခိုင်းရာကားပေါ်ပါလာသူတစ်ဦးမှလက်နက်ငယ်ဖြင့် စတင်ပစ်ခတ်ရာ ၀ပ်ကင်းဆောင်ရွက်နေသော TNLA မူးယစ်အဖွဲ့မှ ၀ိုင်းဝန်းပစ်ခတ်၍ ၂ ဦးထိမှနှ်ဒဏ်ရာရရှိသဖြင့် ယင်းတို့ကိုဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သည်။ ကားပေါ်တင်ဆောင်လာသည့် ပစ္စည်းထုတ်အားဖွင့်ဖောက်စစ်ဆေးရာမူးယစ်ဆေးဝါးများတွေ့ရှိရပြီးဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်။ထိုအတူဖမ်းဆီးခံရသူများကိုင်ဆောင်သည့် လက်နက်များကိုလည်းသိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသည့် တရားခံအားစစ်ဆေးမေးမြန်းရာ ၄င်းတို့သည် ပန်ဆေးပြည်သူ့စစ် စခန်းဖက်မှ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်သူမဟုတ်ဘဲ ယင်းတို့၏ အထက်လူကြီးမှ မူးယစ်ဆေးဝါးများကို တစ်ဖက်ကမ်းရှိရှမ်းလူမျိုး (RCSS တပ်ဖွဲ့ဟုသိရသော)ထံပေးပို့ရန်တာဝန်ပေးခိုင်းစေခဲ့ကြောင်း၊ယခင်ကလည်းမူးယစ်ဆေးဝါးများအကြိမ်ကြိမ်ပို့ေ

ဆာင်ပေးခဲ့ ရသည်ဟုထွက်ဆိုပြောကြားခဲ့သည်။ ထိုဖမ်းဆီးရမိသူများသည် (၁) ဦးအိုက်စိုင်းအသက် (၃၅) နှစ် ရှမ်း-တရုတ်လူမျိုးနမ့်ခမ်းမြို့နယ် ၁၂ မိုင် ပန်းဆေးပြည်သူ့စစ် စခန်း၊ (၂) ဦးတော်ရှဖူးအသက် ၄၁ နှစ် လီဆူးလူမျိုးနမ့်ခမ်းမြို့နယ် တာကွန့်ကျေးရွာနှင့် (၃) ဦးဂျာလ၀ှ အသက် ၃၈ နှစ် လီဆူးလူမျိုးနမ့်ခမ်းမြို့နယ် တာကွန့်ကျေးရွာတို့ဖြစ်သည်။ ၄င်းတို့သည် ပန်းဆေးပြည်သူ့စစ် အဖွဲ့ဝင်များ ဖြစ်ကြကာဗမာစကားပင် လည်လည်ဝယ်ဝယ် ပြောတတ်ခြင်းမရှိပါ။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် တရားခံများကို TNLA မူးယစ်အထူးနှိမ်နှင်းရေးတပ်ဖွဲ့မှ ထိန်းသိမ်းထားကာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA