တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA အပေါ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ၏ သဘောထားထုတ်ပြန်ကြေညာချက်

သဘောထားထုတ်ပြန်ချက် အမှတ် (၇/၂၀၁၅)

၆ ရက်၊ ဇူလိုင်လ၊ ၂၀၁၅

၁။ လော်ခီးလာ EAROs ထိပ်သီးအစည်းအဝေးက တာဝန်ပေးအပ်လိုက်သည့် အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ SD နှင့် မြန်မာအစိုးရ ကိုယ်စားလှယ် UPWC တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်းမြို့တွင် တွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်အတွက်  ညှိနှိုင်းဆောင်ရွက်မှုများကို မိမိတို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး P.S.L.F/ T.N.L.A မှ အပြုသဘောဆောင် ကြိုးပမ်းမှုများအဖြစ် ကြိုဆိုပါသည်။

၂။ အနှစ်ခြောက်ဆယ်ကျော်ကြာ ပြည်တွင်းစစ်ရပ်စဲပြီး စစ်မှန်သည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်ရန်မှာ တိုင်းရင်းသာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်း အားလုံးနှင့် မြန်မာအစိုးရတို့ အကြား တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုပြီး နိုင်ငံရေး ဆွေးနွေးရေးမူဘောင်များအရ စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် လိုအပ်ပါသည်။

၃။ မိမိတို့ တအာင်းဒေသအတွင်းသို့ မြန်မာအစိုးရက ပိုမိုထိုစစ်ဆင်လာသဖြင့် လတ်တလော အခြေအနေတွင် နေရာအနှံ နေ့စဉ်လိုလို နှစ်ဖက်ထိတွေ့  တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စစ်ဘေးဒဏ် အပြင်းအထန် ခံစားနေရသည့် တအာင်းဒေသခံ မိဘပြည်သူများအပေါ် များစွာ စာနာမိပါသည်။

၎။ လော်ခီးလာ EAROs ထိပ်သီးအစည်းအဝေးတွင် ချမှတ်ခဲ့သည့် NCA စာချုပ်အပေါ် အားလုံးပါဝင်ရေးမူ သဘောထား ဆုံးဖြတ်ချက်များအရ တိုင်းရင်းသား လက်နက်ကိုင် တောင်လှန်ရေးအဖွဲ့အစည်းအားလုံးက NCA စာချုပ်ကို လကတ်မှတ်ရေး ထိုးကြမည်ဆိုပါက မိမိတို့ အဖွဲ့သည်လည်း အားလုံးနှင့် အတူ တပြိုင်နက် ပါဝင်လက်မှတ်ရေးထိုးရန် အဆင်သင့်ရှိပါသည်။

၅။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ နိုင်ငံရေးမူဘောင် ညှိနှိုင်းရေးဆွဲခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်း၊ အစရှိသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် မိမိကိုယ်ကို ခုခံကာကွယ်မှုများမှအပ နှစ်ဖက်ထိတွေ့ တိုက်ခိုက် မှုများကို အတတ်နိုင်ဆုံး ရှောင်ရှားလျော့ သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။

ဗဟိုအလုပ်မှုဆောင်ကော်မီတီ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ( P.S.L.F)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A)