ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိပါပဲ မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် အရပ်သားရွာများသို့ ဦးတည် ပစ်ခတ်တိုက် ရွာသား(၂)ဦးထိခိုက်သေဆုံး (၁)ဦးဒဏ်ရာရ

ဂျွန်လ (၂၆)ရက်၊ ၂၀၁၇ ခုနှစ်။

တအာင်းဒေသ၊ ကွတ်ခိုင်မြို့နယ်အခြေစိုက် စစ်ဗျူဟာဌာနချုပ်ရှိ ခလရ (၄၅)တို့မှ မြန်မာတပ်မတော်တို့သည် တိုက်ပွဲဖြစ်ပွား ခြင်းမရှိပါပဲ အရပ်သားရွာများသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ဦတည်တိုက်ခိုက်သောကြောင့် ယနေ့ ၂၆.၆.၂၀၁၇ ရက် နေ့လည် (၁၂း၄၅)အချိန်ခန့်တွင် လူနေအိမ်များ ထိခိုက်ပျက်စီးကာ (၂)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာရခဲ့သည်။

မြန်မာတပ်မတော်မှ ပစ်ခတ်သောလက်နက်ကြီးသည် ကွတ်ခိုင်၊ပိန်းဟွယ်ရွာမှ ‘တာအိုက်ဒဲ့’ နေအိမ်အား ထိမှန်ပြီး ‘တာအိုက်ဒဲ့’ နှင့်  ‘ယာအေအမ်’ လင်မယားနှစ်ဦးလုံး လက်နက်ကြီးစမှန်ကာ ခင်ပွန်းဖြစ်သူ တာအိုက် ဒဲ့မှ ပွဲချင်းပြီးသေဆုံးခဲ့ကာ ဒဏ်ရာပြင်းထန်စွာ ရရှိသော ယာအေအမ်အား ဆေးရုံးတွင် ပို့ဆောင် ကုသရာ ဆေးမမှီတော့ပဲ ညနေအစောပိုင်း သေဆုံးသွားသည်။ ကျန်တစ်ဦးဖြစ်သူ တားအိုက်ဆမ် အသက် (၅၃)နှစ်သည် ကျေးရွာဥက္ကဌ ရောက်ရှိနေခိုက် ဥက္ကဌအိမ်အား လက်နက်ကြီးထိမှန်သောကြောင့် တာအိုက် ဆမ်လည်း ဦးခေါင်းတွင် ဒဏ်ရာရှိပြီး ဆေးကုသနေရသည်။

ကွတ်ခိုင်အခြေစိုက်မြန်မာတပ်တော်တို့သည် ဤကဲ့သို့ ကျေးရွာအား ရည်ရွယ်ချက်ဖြင့် ပစ်ခိုက်နေခဲ့သည်မှာ အကြိမ်ကြိမ်ရှိပြီဖြစ်ပြီး နမ့်ဖတ်ကာအခြေစိုက် ခလရ(၁၂၃)သည်ပင်လည်း ဂျွန်လ (၂၄)ရက်တွင် ၎င်းတို့တပ်ရင်းမှ လက်နက်ကြီးဖြင့် နမ့်ဖတ်ကာဝန်းကျင်ရှိ ရွာများသို့ ပစ်ခတ်နေခဲ့သောကြောင့် ရွာသူရွာသား တို့မှာ စိုးရိမ်ကြောက်လန့်နေကြလျက်ရှိသည်။

၁။ ထိခိုက်သေဆုံးသွားသူ

  • အမည် – တာအိုက်ဒဲ့ ၊ အသက် (၄၄)နှစ်။
  • မိဘအမည် – တာအိုက်ယီ- ဒေါ်အေအွယ်။
  • နေရပ်လိပ်စာ – ကွတ်ခိုင်မြို့နယ်၊ ဖတ်ယိုင်အုပ်စု၊ ပိန်းဟွယ်ကျေးရွာ။
  • ထိခိုက်သေဆုံးအချိန် – ၂၆.၆.၂၀၁၇ ရက်၊ နေ့လည် (၁၂း၄၅)အချိန်။

၂။ ထိခိုက်သေဆုံးသွားသူ

  • အမည် – ယာအေးအမ်၊ အသက်(၄၁)နှစ်
  • မိဘအမည် – တာအိုက်ယီ- ယာအီ
  • နေရပ်လိပ်စာ- ကွတ်ခိုင်မြို့နယ်၊ဖတ်ယိုင်အုပ်စု၊ပိန်းဟွယ် ကျေးရွာ။
  • ထိခိုက်အချိန် – ၂၆.၆.၂၀၁၇ ရက်၊ နေ့လည် (၁၂း၄၅)အချိန်။၏
  • သေဆုံးသည့်နေရာ-ဆေးရုံ

၃။ ထိခိုက်ဒဏ်ရာရသူ

အမည်-တာအိုက်ဆမ်

အသက်-၅၃နှစ်

  မူရင်းပုံတင်သူအား Credit ပေးအပ်ပါသည်။ မိုင်းအိုက်ဝင်း

သတင်းနှင့်ပြန်ကြားရေးဌာန
 
PSLF/TNLA