တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

၂၀၁၉ ခုနှစ်၊ မေလ ၂၀ ရက်

တအာင်းပြည်နယ်၊ တပ်မဟာ ၂ နယ်မြေ၊  နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာအနီး ယနေ့ မေလ ၂၀ ရက် နံနက်ပိုင်း ၀၅း၂၂ နာရီမှ ၀၅း၃၀ နာရီအချိန်ထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ထိုးစစ်ဆင်လာသည့်  မြန်မာစစ်တပ် တပ်မ ၁၀၁  တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြန်မာစစ်တပ်ဘက်မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တည်ရှိရာသို့ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့   ၂၀၁၉ ခုနှစ် မေလ အတွင်း တိုက်ပွဲ  (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

PSLF/TNLA

သတင်းနှင့်ပြန်ကြားရေးဌာန