တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ မန်တုံမြို့နယ်တွင် တစ်ရက်အတွင်း တိုက်ပွဲ (၃) နေရာဖြစ်ပွား

၂၀၁၉ခုနှစ် ၊ ဇွန်လ ၁၈ ရက်

တအာင်းပြည်နယ် တပ်မဟာ (၃) နယ်မြေ  မန်တုံမြို့နယ် နမ့်ယွန်းကျေးရွာအနီးတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာစစ်တပ် စကခ- ၇ ၊ ခလရ- ၂၆၁ တို့ ဇွန်လ ၁၇ ရက်နေ့ နေ့လည် ၁၁း၄၀ မှ ၁၂း၃၀ ထိ တစ်ကြိမ် ၊ နမ့်ယွန်းကျေးရွာနှင့် မန်မိုင်ကျေးရွာကြားတွင် မွန်လွဲပိုင်း ၁၄း၅၀ နာရီမှ ၁၅း၄၅ နာရီထိ တစ်ကြိမ်၊ စုစုပေါင်း (၂) ကြိမ်ဖြစ်ပွားခဲ့သည်။

ထို့အပြင် မိုင်းဘော်ကျေးရွာတွင် အခြေချနေထိုင်သည့် မြန်မာစစ်တပ် စဗဟ – ၂ ၊ ခလရ ၁၃၀ နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ညနေပိုင်း ၁၇း၀၅ နာရီတွင် တစ်ကြိမ် တစ်ရက်အတွင်း စုစုပေါင်းတိုက်ပွဲ (၃) ကြိမ်ထိဖြစ်ပွားခဲ့သည်။

၂၀၁၉ ခုနှစ် ဇွန်လအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာစစ်တပ်တို့  တိုက်ပွဲ ၈ ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ မြန်မာစစ်တပ်မှ အပစ်ခတ်ရပ်ကာလ ထပ်တိုးထားသည့် ဧပြီလ ၃၀ ရက်နေ့နောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲပေါင်း ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

PSLF/TNLA

သတင်းနှင့်ပြန်ကြားရေးဌာ