တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ဆက်လက်ဖြစ်ပွား

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ဆက်လက်ဖြစ်ပွား

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်

 

တအာင်းဒေသ၊ တပ်မဟာ ၃ နယ်မြေ၊ မန်တုံမြို့နယ်၊ ကုန်းမုံ-ကုန်းညောင်ရွာ အနီးတွင် ယနေ့ နံနက် ၀၈း၁၈ နာရီမှ ၀၉း၁၅ နာရီအချိန်ထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၇၇၃/၉၉၉ နှင့်မြန်မာ့တပ်မတော်တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲသည်လုံးဝ ငြိမ်သက်သွားခြင်းမဟုတ်ဘဲ နှစ်ဖက်အပြန်အလှန် စောင့်ကြည့်အနေအထားတွင် ဆက်ရှိနေသေးသည်။

မြန်မာ့တပ်မတော်သည် အဆိုပါဒေသတွင် နိုဝင်ဘာလ ၂၃ ရက်နေ့ကတည်းက တအာင်းတပ်မတော်အား လာရောက်တိုက်ခိုက်သဖြင့် နေ့စဉ်နှစ်ဖက်ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA