တအာင်းတပ်မတော်မှ ဖမ်းဆီးရမိသည့် RCSS တပ်ဖွဲ့ဝင် များအား မိဘဆွေမျိုးများထံ ပြန်လည်အပ်နှံပေး

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

တအာင်းဒေသအတွင်းသို့ နယ်မြေကျူးကျော်ဝင်ရောက်လာသည့် RCSS တပ်ဖွဲ့နှင့် တအာင်းတပ်မတော်တို့ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ မန်တုံမြို့နယ်၊ နမ့်ဟိုင်းဒေသတွင် နေ့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲကာလအတွင်း ထွက်ပြေးသွားသူများ၊ တအာင်းတပ်မတော်အား စုံစမ်းထောက်လှန်းရန် စေလွတ်ထားသည့် RCSS တပ်ဖွဲ့ဝင်များအားလုံး ၁၁ ဦးကို တအာင်းတပ်မတော်မှ ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါဖမ်းဆီးရမိသည့် RCSS တပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ၄င်းတို့၏ မိဘဆွေမျိုးများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များအားခေါ်ယူကာ ယင်းတို့၏ရှေ့မှောက်တွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား မိမိတို့သည် နောင် RCSS တပ်ဖွဲ့ဝင် မပြုလုပ်တော့ပါကြောင်း၊ ဆက်သွယ်မှုလည်းမပြုလုပ် တော့ပါကြောင်း၊ နောက်နောင် ပူးပေါင်းပါဝင် ဆက်သွယ်မှုပြုလုပ်ပါက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ပေးအပ်သည့် ပြစ်ဒဏ်ကိုခံယူမည်ဖြစ်ကြောင်း ကတိခံဝန်ချက် လက်မှတ်ရေးထိုးစေပြီး မိဘဆွေမျိုးထံ ပြန်လည်အပ်နှံပေးခဲ့သည်။

ပြန်လွတ်ပေးသည့်စစ်သုံ့ပန်းများမှာ-

၁။ စိုင်းမောင်ပိ  ၊  အဖမည်  –  ဦးစိုင်းထွန်းကျော်

၂။ စိုင်းစံညွှန့်   ၊  အဖမည်  –  ဦးအိုက်ရီ

၃။ စိုင်းအောင်ထွန်း ၊ အဖအမည်  – ဦးဆန်နိုင်

၎။ ဦးအိုက်ဝင်း  ၊  အဖမည် – ဦးစံလူ

၅။ စိုင်းအိုက်သောင်း ၊ အဖအမည်  –  ဦးဆန်ဖွဲ

၆။ မောင်မတ် ၊ အဖမည် – ဦးအိုက်ဟန်

၇။ စိုင်းစံမြတ် ၊ အဖမည်  – ဦးထွန်းအောင်

၈။ စိုင်းအောင်လှ ၊ အဖမည် – ဦးလိုင်ဟိန်းပူး

၉ ။ စိုင်းအောင်လူ  ၊ အဖမည် – ဦးအိုက်မောင်

၁၀။ မောင်အိုက်မင် ၊ အဖမည် – ဦးအိုက်ဆီ

၁၁။ အိုက်ကျန် ၊ အဖမည် – ဦးဆိုင်မိုင်   တို့ဖြစ်ပါသည်။