တအန်းပြည်နယ်သို့ ထပ်မံထိုးစစ်ဆင်လာသည့် မြန်မာ့တပ်မတော်နှင့် တအန်းတပ်မတော် တိုက်ပွဲ ဖြစ်ပွား

 

တအန်းပြည်နယ်သို့ ထပ်မံထိုးစစ်ဆင်လာသည့် မြန်မာ့တပ်မတော်နှင့် တအန်းတပ်မတော် တိုက်ပွဲ ဖြစ်ပွား
၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်
တအန်းပြည်နယ် တပ်မဟာ ၃ နယ်မြေ မန်တုံမြို့ အရှေ့ဖက် ၈ မိုင် မန်တုံ – နမ္မတူ ကားလမ်းမ ပေါ်တွင် ယနေ့ နံနက် ၀၁း၀၀ နာရီမှ ၀၁း၄၀ နာရီ အချိန်ထိတအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၉၉၉ နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် မြန်မာ့တပ်မတော် ၃ ဦးကျဆုံးကာ ၅ ဦး ဒဏ်ရာရရှိ ခဲ့သည်။ မြန်မာ့တပ်မတော် စစ်ကားတစ်စီး ထိမှန် မီးလောင်သွားခဲ့သည်။မြန်မာ့တပ်မတော်သည် စစ်ကား ၇ စီးဖြင့် နမ္မတူဖက်မှ မန်တုံမြို့ဖက်သို့ ထပ်မံထိုးစစ်ဆင် လာရာမှ တအန်းတပ်မတော်နှင့် ထိတွေ့ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA