တအန်းတပ်မတော် နှင့် RCSS တပ်ဖွဲ့ ယနေ့ တိုက်ပွဲ နှစ်ကြိမ်ထပ်မံဖြစ်ပွား

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်

တအန်းပြည်နယ်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ခိုငင်းကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း (၁၀း၅၅)နာရီမှ (၁၃း၄၅)နာရီထိ တစ်ကြိမ် ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ် နယ်စပ် တောဖယ်ကျေးရွာနှင့် ကိုက်တိုင်(ကြက်သေ) ကျေးရွာကြားတွင် မွန်းလွှဲပိုင်း (၁၂း၀၀)နာရီမှ (၁၃း၃၀)နာရီထိ တစ်ကြိမ် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၂၅၆ နှင့် RCSS တပ်ဖွဲ့တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။
ယခုတိုက်ပွဲဖြစ်ပွားရာနေရာတွင် RCSS တပ်ဖွဲ့မှ နယ်မြေ ဆက်လက်ကျူးကျော်ရန် မကြာခဏ ထိုးစစ်ဆင်လာသည့် နေရာပင်ဖြစ်သည်။

PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန