တအန်းတပ်မတော်နှင့် RCSS တို့ တဖန်တိုက်ပွဲပြန်လည်ဖြစ်ပွား

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်

တအန်းပြည်နယ်၊ တပ်မဟာ ၂ နယ်မြေ ၊ ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ် နယ်စပ်ကြား တောဖယ်ကျေးရွာနှင့် ကိုက်တိုင်(ကြက်သေ) ကျေးရွာကြားတွင် ယနေ့နံနက် (၀၆း၅၈)နာရီမှ (၀၈း၂၀)နာရီထိ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း (၂၅၆) နှင့် RCSS တပ်ဖွဲ့ တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။
RCSS တပ်ဖွဲ့သည် တအန်းတပ်မတော် ရှိရာသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းလာရာမှ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။
တအန်းတပ်မတော်နှင့် RCSS တပ်ဖွဲ့သည် ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာသည် လွန်ခဲ့သော ဇန်နဝါရီ ၂၀ ရက်နေ့၌ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခု ပထမဦးဆုံး ပြန်လည် ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။

PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန